PILLOW HEAVEN PROMOTION by CASABELLA

Posted by | August 13, 2018 | PROMOTION |

BUY 1, GET 2nd Item 50% OFF (Limited Stock)
====================================

အရည်အသွေးမြင့် ကျန်းမာရေးခေါင်းအုံးကောင်းကောင်း ၀ယ်ယူဖို့ စဉ်းစားနေပြီဆိုရင်တော့ Casabella ကိုသာသတိရလိုက်ပါနော် ။

ခေါင်းအုံး(၂) လုံးဝယ်ယူပါက ဒုတိယ တစ်လုံးကို ၅၀% လျှော့ပေးသွားမှာမို့ ချစ်ခင်ရတဲ့ Casabella မိတ်ပောာင်းမိတ်သစ်များအတွက် SUPER SAVE promotion အစီအစဉ်လေးတစ်ခုပါဘဲ ။

Delivery Service Is Available ✔️

With Love  ,
Casabella

Casabella Home Furnishing Centre Yangon:

Yangon : 22, Pyay Road , 9 Mile (Tel : 01- 664363, 660769)

Mandalay : Corner of 77 & 32 Street. (Tel : 02- 69366, 09 2062726)

NayPyiTaw : Ocean Ottaya Thiri, Ground Floor. (Tel : 09 73139698)

ခေါင်းအုံးတစ်လံုးက ဘယ်လောက်ထိအရေးကြီးတယ်ဆိုတာကို ခုအောက်ပါ article လေးကို ဖတ်ပြီး သေချာစဉ်းစားလိုက်ပါနော် ။


” သင်အိပ်နေတဲ့ ခေါင်းအုံးတွေကို သတိထားပါ..။”⁉️

ဒီညပဲ မအိပ်ခင် အပေါ်ဖုံးကို ချွတ်ကြည့်ကြပါ။

အသက်(36)နှစ် အရွယ် ရှိပြီဖြစ်တဲ့ Stewart Arms ဟာ ကိုယ်လက်မအီမသာ ဖြစ်ခဲ့ပါတယ်။

စီးပွားရေး သမား ဖြစ်တာကြောင့် ခရီးပန်းတာပဲလို့ ယူဆပြီး ပေါ့ပေါ့ဆဆနေခဲ့ပေမယ့် နှစ်ပတ်ကြာတဲ့အထိ ဒဏ်ရာက မသက်သာလို့ သူ့မှာ အဖျားရောဂါရှိနေပြီထင်ကာ ဆေးခန်းကို သွားပြခဲ့ပါတယ်။ ဒေါက်တာရဲ့ စစ်ဆေးမှု မှာလည်း တစ်ခြားထူးခြားမှုကို မတွေ့ရလို့ အဖျားကျဆေးကို ပေးပြီးပြန်လွှတ်ခဲ့ပါတယ်။

သွေးအဖြေကလည်း ဘာမှ ထူးထူးခြားခြား မရှိခဲ့ပါ။ ဒါပေမယ့် နောက်တစ်ရက်အကြာမှာပဲ Stewart ဟာ ချောင်းဆိုးတဲ့အခါမှာ သွေးခဲတွေ ပါလာတာကို တွေ့ခဲ့ရပါတယ်။အဲဒီအခါမှာတော့ရောဂါကို သေသေချာချာ စစ်ဆေးမှုတွေ လုပ်ခဲ့ရပြီး ရောဂါရဲ့အဖြေကတော့ “အဆုတ်ကို မှိုစွဲ”တဲ့ ရောဂါ ဖြစ် တယ်လို့အဖြေထွက်ခဲ့ပါတယ်။

အဆိုပါ မှိုဟာ ဘယ်နေရာကနေ လူကို ကူးစက်ခဲ့သလဲဆိုတာကို ထပ်မံ စမ်းသပ်လိုက်တဲ့အခါမှာတော့ ကျွန်တော်တို့နဲ့ အနီးဆုံး ပတ်ဝန်းကျင်မှာ ရှိနိုင်ပြီး အထူးသဖြင့် ကျွန်တော်တို့ အိပ်တဲ့အခါ အုံးတဲ့ ခေါင်းအုံးမှာ ပိုလို့ရှိနိုင်ပါတယ်။

အဲဒီ မှိုတွေဟာ အသက်ရှုလမ်းကြောင်းကနေ တစ်ဆင့် အဆုတ်ဆီကို ၀င်ရောက်နိုင်ဖို့ အရမ်းလွယ်ကူပြီး၊ နေမကောင်းသူ အုံးထားတဲ့ ခေါင်းအုံးကို အသုံးပြုမိပါကလည်း အဖျား ဗိုင်းရပ်စ်နဲ့ အခြား ကူးစက်ရောဂါတွေ ကူးစက်နိုင်ချေ ပိုရှိတယ်လို့ သိရပါတယ်။

သို့အတွက်ကြောင့် မိမိ တစ်ကိုယ်ရေ အုံးနေတဲ့ ခေါင်းအုံးတွေကို တစ်ပတ်လျှင် အနည်းဆုံး တစ်ကြိမ် လောက်လျှော်ဖွပ် သန့်စင်ပေးသင့်ပြီး နေ့စဉ် နေရောင်ကောင်းကောင်းရဲ့အောက်မှာ လှန်းပေးသင့် ပါတယ်။ နေရောင်ဟာ မှိုနဲ့ အခြားပိုးမွှားများကို နှိမ်နင်းနိုင်ပြီး ဗိုင်းရပ်စ်ကိုလည်း သေစေနိုင်တဲ့အစွမ်း ရှိပါတယ်။

ဒါကြောင့် သက်ရှည်ကျန်းမာတဲ့ ဘ၀ကို ပိုင်ဆိုင်ဖို့ ကျွန်တော်တို့ရဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ အသုံးအဆောင် ပစ္စည်းတွေသန့်ရှင်းမှု အရေးကြီးတယ်ဆိုတာကိုဖော်ပြလိုက်ပါတယ်။

Credit to : Apyi Thu Mashwehtarr

 

SIMMONS

Nextgen 100 / 200 / 300 Pillow

လည်ပင်း နှင့် ဇက်ကို သိပ္ပံနည်းကျ အကောင်းဆုံးထောက်မပေးနိုင်ဖို့ Pocketed Coil စပရိန်ငယ် အိတ်လေးများအား ခေါင်းအုံးထဲ ထည့်သွင်းပြီး ကမ္ဘာ့ ပထမဆုံး တီထွင်ထုတ်လုပ်ထားခြင်း ဖြစ်သည်။ အကောင်းဆုံးကုန်ကြမ်းများနှင့် ကမ္ဘာ့စံချိန်မှီပြုလုပ်ထားပြီး ဘတ်တီးရီးယားပိုး လုံးဝ မကပ်နိုင်သောကြောင့် ကျန်းမာရေးအတွက် အထူး သင့်တော်ပါသည်။
Soft, Medium နှင့် Firm ဆိုပြီး ခေါင်းအုံး အပျော့ အမာကို ခွဲခြားထုတ်လုပ်ထားသဖြင့် နှစ်သက်ရာ ရွေးချယ် ဝယ်ယူနိုင်ပါသည်။

SIMMONS

BR Neck Care 3 POC Firm Pillowလည်ပင်း နှင့် ဇက်ကို သိပ္ပံနည်းကျ အကောင်းဆုံးထောက်မပေးနိုင်ဖို့ Pocketed Coil စပရိန်ငယ် အိတ်လေးများအား ခေါင်းအုံးထဲ ထည့်သွင်းပြီး ကမ္ဘာ့ ပထမဆုံး တီထွင်ထုတ်လုပ်ထားခြင်း ဖြစ်သည်။ အကောင်းဆုံးကုန်ကြမ်းများနှင့် ကမ္ဘာ့စံချိန်မှီပြုလုပ်ထားပြီး ဘတ်တီးရီးယားပိုး လုံးဝ မကပ်နိုင်သောကြောင့် ကျန်းမာရေးအတွက် အထူး သင့်တော်ပါသည်။ ၁၀၀% အကောင်းဆုံး ချည်သားစစ်စစ်ဖြင့် ပြုလုပ်ထားသောကြောင့် အေးမြမှုကို ခံစားရစေပြီး ဦးရေပြား ချွေးထွက်ခြင်း နှင့် ယားယံခြင်းသက်သာအောင် ကာကွယ်ပေးပါသည်။

  

Mylatex ( Limited Stock )

– Natural Latex Pillow (Contour-Neck Care)

#My_latex ခေါင်းအုံးလေးကို သန့်စင်ပီးသား သဘာဝရာဘာစေးနဲ့ ပြုလုပ်ထားသောကြောင့် ပိုးမွားများ မကပ်တွယ်၊မရှင်သန်နိုင်ပါဘူး ။ ဦးခေါင်း နှင့် ဇက် အနေအထားကို သဘာဝအတိုင်း သက်သောင့်သက်သာ ငြိမ့်ငြိမ့်လေး အုံးနိုင်ဖို့ကို အထောက်အကူပြုပေးပါတယ်။
ဦးရေပြားယားယံခြင်း လည်းမဖြစ်စေနိုင်သည့်အပြင်၊ ပန်းနာရင်ကြပ် နှင့် အရေပြား sensitive ဖြစ်သူများအတွက် အတွက် ဒီ My Latex ခေါင်းအုံးလေး အုံးဖို့ အထူး သင့်တော်ပါတယ် ။

Contour Shape နှင့်
Shoulder Shape ဆိုပြီး

ပုံစံ (၂) မျိုး ထုတ်လုပ်ထားပြီး မိမိနဲ့ သင့်တော်တဲ့ ခေါင်းအုံး Shape ပုံစံကို ရွေးချယ်နိုင်ပါတယ် ။

GoldCoil

– Pincore/Ergo Natural latex Pillow

Latex ဆိုသည်မှာ သဘာဝရာဘာအစစ်ဖြင့်ပြုလုပ်ထားခြင်းဖြစ်သည်။
ထိုနည်းပညာကို 1950 လောက်တွင်စတင်တီထွင်ခဲ့သည်မှာ ယခုတိုင်ဖြစ်သည် ။ Latex ခေါင်းအုံးကို အဓိကပုံစံ(၂)မျိုးဖြင့်ထုတ်လုပ်ထားပါသည်။

1- Latex ကို ခေါင်းအုံးဧ။်အတွင်းပိုင်း အလွှာတွင် အသုံးပြုခြင်း နှင့်

2- Latex ကို ခေါင်းအုံးဧ။် အပေါ်ယံ အလွှာတွင် အသုံးပြုထားခြင်းဖြစ်သည် ။

ထို့အပြင် နောက်ပိုင်းတွင် ကျီးပေါင်းသမားများအတွက်သော် လည်းကောင်း ၊ ကျီးပေါင်းဝေဒနာ ကာကွယ်ဖို့ရန်အတွက်သော်လည်းကောင်း ဇက်၊လည်ပင်း ၊ ဦးခေါင်းပုံစံအတိုင်း Shape လေးဖော်ထားပြီး Latex ဖြင့်ပြုလုပ်ထားသော NeckCare ခေါင်းအုံးများသည်လည်း လူကြိုက်များလာကြသည်။

မိမိ နှင့် သင့်တော်သောခေါင်းအုံးပုံစံ ကို အိပ်စက်ကြည့်ပြီး ရွေးချယ်အသုံးပြုနိုင်ပါသည်

ဒါ့အပြင် Latex ခေါင်းအုံးဧ။်အထူးအကျိုးရှိပုံများမှာ –

သဘာဝရာဘာ ဖြင့်ပြုလုပ်ထားသော ခေါင်းအုံးဖြစ်သဖြင့်

✔️ပိုးမွားမကပ်ညှိနိုင်သဖြင့် ယားရံခြင်းမှာ ကာကွယ်ပေးပြီး ကျန်းမာရေးအတွက်အထူးသင့်လျော်ခြင်း

✔️ပုံမပျက် ကြာရှည်ခံစွာအသုံးပြုနိုင် ရုံမက ၊ အိပ်စက်သည့်အခါ နူးညံ့ပြီး သက်တောင့်သက်တာရှိခြင်း (ခေါင်းအုံးတွေ ကြားရင် ပုံပျက်ပြီး ပြားသွားမှာ မစိုးရီမ်ရတော့ဘူးပေါ့ )

✔️အိပ်စက်ရာတွင် ဦးရေပြား အေးမြခြင်း ကိုပေးစွမ်းနိုင်ခြင်း ၊ ဆံပင်ကျွတ်သက်သာခြင်း

တို့ဘဲဖြစ်ပါတယ် ။