🎊Casabella ရဲ့ 25th Silver Anniversary Celebration🎊

Posted by | February 01, 2019 | ACTIVITYEVENT |

🎊Casabella ရဲ့ 25th Silver Anniversary Celebration🎊 မှ …

အမှတ်တရဖြစ်စေဖို့ မင်္ဂလာသက်တမ်း (၂၅)နှစ်ရှိပြီဖြစ်သော အထူးချစ်စဖွယ်စုံတွဲ (၂၅) ဦးကို ရွေးချယ်ခဲ့ရာ ၊ ယနေ့တွင် ဂုဏ်ပြုချီးမြှင့်ပွဲလေး နွေးထွေးစွာ ဆင်နွှဲ ခဲ့ကြပါသည် ။

 

ဒီပွဲလေးကို ပြည်သူအချစ်တော် တေးသံရှင် ဦးဂရေဟမ် နှင့် ဇနီး ဒေါ်သဉ္ဇာအောင် တို့အပြင် ၊ မော်ဒယ်လ် ထူးမင်း နှင့် တကွ ၊ အခြားသော Casabella ၏ customers များနှင့် ရွေးချယ်ထားသော မောင်နှံများကပါ တက်ရောက်ခဲ့ကြပါတယ်ခင်ဗျာ။

ရွေးချယ်ထားသော စုံတွဲများတွင် … မအားလပ်သော ဇနီးမောင်နှံများ နှင့် တချို့နယ်ဝေးရောက်နေ၍မလှမ်းလာနိုင်သောစုံတွဲများအားလည်း … Casabella မှ ဒီ Post လေးကနေ ဂုဏ်ပြုပေးလိုက်ပါတယ်ခင်ဗျာ။

အားလုံး အေးအတူ၊ပူအမျှ သာယာချမ်းမြေ့အောင်မြင်သော ဘဝလမ်းခရီးလမ်းလေးကို ထာဝရ ပိုင်ဆိုင်နိုင်ကြပါစေလို့ … ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ခင်ဗျာ။

ဂုဏ်ယူလေးစားစွာဖြင့် ❤️

Casabella Luxury Furniture Myanmar