အိုလံပစ် နေ့ အထိမ်းအမှတ် “Mr.NarRay” နှင့် “Ms.Real” ရွေးချယ်ပွဲ ကျင်းပ

Posted by | July 08, 2016 | ACTIVITYEVENT |

၂၀၁၆ ခုနှစ် အိုလံပစ်နေ့ အထိမ်းအမှတ် အဖြစ် မြန်မာနိုင်ငံ ကာယဗလ နှင့် ကာယ ကြံ့ခိုင်မှု အဖွဲ့ချုပ်နှင့် NatRay Co.,Ltd. တို့ ပူးပေါင်း ကျင်းပသည့် ကာယဗလမောင် Mr.NatRay နှင့် ကိုယ်ကာယ ကြံ့ခိုင်မှုမယ် Ms.Real ရွေးချယ်ပွဲကို ဇွန်လ ၁၈ ရက်က မင်းဓမ္မလမ်းရှိ MCC ခန်းမ၌ ပြုလုပ်ခဲ့သည်။

အဆိုပါ ပွဲတွင် အထူးဖိတ်ကြားထားသည့် ဝန်ကြီးများနှင့် ဧည့်သည်တော်များ တက်ရောက်ချီးမြှင့်ခဲ့ ကြသလို ဝါသနာရှင် လူကြီး၊ လူငယ်အများအပြားလဲ လာရောက်ကြည့်ရှု အားပေးခဲ့ကြသည်။

ပွဲဖြစ်မြောက်ရေးအတွက် Main Sponsor များအဖြစ် ကမ္ဘာ့အကောင်းဆုံး Whey Protein နှင့် အခြား
အရည်အသွေးမြင့် Nutritional Products များ ဖြန့်ဖြူးရောင်းချသည့် USA Brand ON ၊ အဆင့်မြင့် အားကစားခန်းမသုံး ပစ္စည်းများကို တင်သွင်းဖြန့်ချီနေသည့် NarRay Wellness ၊ မြန်မာပြည်၏ ထိပ်တန်း အားကစားခန်းမများ ဖြစ်သည့် Real Fitness gym နှင့် F1 Fitness တို့မှ အထူးကူညီ ပံ့ပိုးပေးခဲ့ကြသည်။

ပြိုင်ပွဲတွင် ပြိုင်ပွဲ အမျိုးအစား (၅) မျိုး ထည့်သွင်း ကျင်းပခဲ့ရာ ကာယဗလမောင် သက်ကြီးတန်း ပြိုင်ပွဲတွင် ၁၁ ဦး၊ သက်ငယ်တန်း ပြိုင်ပွဲတွင် ၂၀ ဦး၊ အလွတ်တန်း ပြိုင်ပွဲတွင် ၁၄ ဦး၊ ကိုယ်ကာယ ကြံ့ခိုင်မှုမယ် ပြိုင်ပွဲ ၁၆၀ စင်တီမီတာ အောက် ပြိုင်ပွဲတွင် ၈ ဦး၊ ၁၆၀ စင်တီမီတာ အထက် ပြိုင်ပွဲတွင် ၆ ဦး၊ စုစုပေါင်း ၅၉ ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ကာယဗလမောင် သက်ကြီးတန်း ပြိုင်ပွဲတွင် ပထမဆုကို ဦးတင်လတ်၊ ဒုတိယဆုကို ဦးဝင်းတင်၊ တတိယဆုကို ဦးကြည်ထွေးတို့မှ ရရှိခဲ့သည်။
ကာယဗလမောင် အငယ်တန်း ပြိင်ပွဲတွင် ပထမဆုကို အိပ်ခ်ျဘရန်မိုင်၊ ဒုတိယဆုကို ရဲထက်အောင်၊ တတိယဆုကို ထက်ဝဠာထင်ရှား တို့မှ ရရှိခဲ့သည်။
ကာယဗလမောင် အလွတ်တန်း ပြိုင်ပွဲတွင် ပထမဆုကို ထွန်းထွန်းအောင်၊ ဒုတိယဆုကို ထွန်းမင်း၊ တတိယဆုကို ချစ်ငွေ တို့မှ ရရှိခဲ့သည်။
ကိုယ်ကာယ ကြံ့ခိုင်မှုမယ် ပြိုင်ပွဲ ၁၆၀ စင်တီမီတာ အောက် ပြိုင်ပွဲတွင် ပထမဆုကို ဆုမြင့်ဝင်း၊ ဒုတိယဆုကို နန်းလောင်ခမ်း၊ တတိယဆုကို ဆုမွန်လှိုင် တို့မှ ရရှိခဲ့သည်။
၁၆၀ စင်တီမီတာ အထက် ပြိုင်ပွဲတွင် ပထမဆုကို နေခြည်တင့်ဝေ၊ ဒုတိယဆုကို အင်ကြင်းသန့်ဇင်၊ တတိယဆုကို မေဇင်မြင့် တို့မှ ဆွတ်ခူးရရှိခဲ့ကြသည်။

Sponsor မှ ပေးအပ်သည့် Mr.NatRay ဆုကို အလွတ်တန်း ချန်ပီယံ ထွန်းထွန်းအောင်မှ ရရှိခဲ့ပြီး Ms.Real ကို နေခြည်တင့်ဝေ တို့မှ အသီးအသီး ဆွတ်ခူးရရှိခဲ့ကြသည်။

Sponsor များ ဖြစ်ကြသည့် ON nutritional product နှင့် NarRay Wellness တို့မှ ပွဲလာသူများအား ထုတ်ကုန် ပစ္စည်းများကို အထူးဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ပြီး Showroom ရှိရာ အမှတ် (၀၀၁) ၊ တိုက် (A)၊ ရွှေကမ္ဘာအိမ်ရာ၊ မင်းဓမ္မလမ်း၊ မရမ်းကုန်းမြို့နယ် တွင်လည်း ဝယ်ယူရရှိနိုင်ကြောင်း သိရသည်။

Real Fintness gym မှလည်း Special Membership Program များကို ပွဲလာသူများအား မိတ်ဆက်ခဲ့ပြီး စိတ်ဝင်စားသူများ အနေဖြင့် Real Fintness အားကစားခန်းမများ ရှိရာ အမှတ် ၂၀၊ ပုလဲလမ်း၊ ရွှေတောင်ကြား၊ ဗဟန်းမြို့နယ် နှင့် အမှတ် ၆၈၊ တော်ဝင်လမ်း၊ မရမ်းကုန်းမြို့နယ် တို့မှာ သွားရောက် ကစားနိုင်ကြောင်း သိရသည်။ F1 Fitness gym ၏ တည်နေရာမှာ ပြည်လမ်းပေါ်တွင် တည်ရှိသော Novotel Hotel တွင် ဖြစ်ကြောင်းလဲ သိရှိရသည်။